နောက်ဆုံး ရေးသားချိန် 26 ဇွန်လ 2011 - 17:11 GMT

မိုဘီဂျီနို နဲ့ ငြိမ်းချမ်းရေးကမ်ပိန်

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Dove

ဒီတစ်ပတ် အစီအစဉ်ကတော့ အင်တာနက်ပေါ်က ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်းကို တင်ဆက်ပေးထားပါတယ်။

Facebook ၊ ဘလော့ဂ်နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက စစ်မက်ဖြစ်ပွားနေမှုတွေ ရပ်တန့်ကြဖို့ ပြောဆိုနေကြ တဲ့အသံတွေ ဆူညံလာသလို ဗုံးပေါက်ကွဲမှုတွေ အပြီးမှာ လူတွေကြား ပိုမို စိုးရိမ်လာတဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆိုလာကြတာ တွေ့ရပါတယ်။

အင်တာနက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေထွန်းကားတဲ့၊ လွတ်လပ်ကြတဲ့ တခြား ကမ္ဘာ့နိုင်ငံတွေမှာတော့ ခေတ်မီနည်းပညာကို သုံးပြီး လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်ပြောဆိုမှုတွေဟာ ပိုမို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ကြသလို မြန်မာတွေလည်း အဲဒီလောက် မကျယ်ပြန့်ပေမယ့် အင်တာနက်မှာတော့ အမြင်ချင်း ဖလှယ်တာတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ရှိကြပါတယ်။

ဒီအကြောင်းကို စာရေးဆရာ၊ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ကိုချိုတူးဇော်က မိုဘီ ဂျီနို အစီအစဉ်မှာ ပြောပြထားပါတယ်။

မိုဘီ ဂျီနို . . .

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့ အစီအစဉ်မို့ ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေသလို မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ထင်မြင်ယူဆချက်တွေ နဲ့ အနာဂတ် အိပ်မက်တွေအကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန် အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စတိုက်သတ္တာ အမှတ် ၉၉၇၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။