သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်ဘယ်လ်ဒန် ဒုတိယပတ် နဲ့ဘောလုံးသတင်းများ

  • 26 ဇွန် 2011

၁၂၅ ကြိမ် မြောက် ဝင်ဘယ်လ်ဒန် တင်းနစ် ပြိုင်ပွဲ ကြီးကတော့ အခုဆို တတိယ အဆင့် ပွဲ စဉ်တွေ ပြီးလို့ စတုတ္ထ အဆင့် ကိုတောင် ရောက်လာ ခဲ့ပါပြီ။

အခု အချိန် အထိတော့ နာမည်ကြီး တင်းနစ် သမား တွေ တော်တော် ကျန်နေ သေးတယ်လို့ ဆိုရပါမယ်။

ဒါပေမယ့် တချို့ နာမည်ကြီး ကစားသမား တချို့ကတော့ ဖြင့် တတိယ အဆင့်တောင် မကျော် နိုင်ခဲ့ဘဲ အောင်ဖျာလိပ်ခဲ့ ရတာတွေ လဲ ရှိပါတယ်။ ပြင်သစ် အိုးပင်း ချန်ပီယံ လီနာနဲ့ အတူ အရင် ချန်ပီယံ ဟောင်း စကီယာ ဗွန်နေ တို့ အိမ်ပြန်ခဲ့ ရသလို ဆိုဒါလင်းနဲ့ ရော့ဒစ် တို့လဲ ပြန်သွား ခဲ့ကြ ရပါတယ်။

ဗလင်စီယာ ဂရောင်း ပရီ မှာတော့ လက်ရှိ ဖော်မြူလာ ဝမ်း ချန်ပီယံ လဲ ဖြစ်တဲ့ အခုနှစ် မှာလဲ ထိပ်က ပဲ ပြေးနေတဲ့ ရဒ်ဘူးလ် အသင်းက ဆီဘက် စတီယန် ဗက်တဲလ်က ပဲ ရှေ့ ဆုံးက နေ ပန်းဝင် ခဲ့ပါတယ်။

ပရီးမီးယား လိဂ် အသင်းတွေ အပါအဝင် လူငယ် ခြေတက် ကလေး တွေ ကို ရှာနေကြတဲ့ ကလပ် အသင်း တော်တော် များများက စိတ် ဝင် တစားနဲ့ ကြည့်နေကြတဲ့ ပြိုင်ပွဲ ဖြစ်တဲ့ ဥရောပ အသက် ၂၁ နှစ် အောက် ဘောလုံး ပြိုင်ပွဲ ရဲ့ ဗိုလ်လု ပွဲမှာတော့ စပိန် က ဆွစ်ဇာလန် ကို ၂ -ဝ နဲ့ နိုင်ပြီး ဗိုလ်စွဲ သွား ပါတယ်။

ဒီ သတင်းတွေ အပြင် ဂျာမနီက အမျိုးသမီး ကမ္ဘာ့ဖလား ပွဲ အကြောင်းနဲ့ ဘောလုံးသမား နဲ့ နည်းပြတွေ ရဲ့ အရောင်း အဝယ် နဲ့ အပြောင်း အရွေ့ သတင်းတွေ ကိုလဲ နားဆင်ကြ ရပါမယ်။