သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လိင်တူချစ်သူနဲ့ condom

  • 4 ဇူလိုင် 2011
Image caption HIV ပိုး ကူးစက်ခံထားရတဲ့ AIDS ဝေဒနာသည်

မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ ၂ဝဝရ ခုနှစ်တုန်းက MSM ( Men who have Sex with Men ) လိင်တူဆက်ဆံသူ ဦးရေ နှစ်သိန်း ရှစ်သောင်းလောက် ရှိတယ်လို့ ဆိုပြီး ၂ဝဝ၈ ခုနှစ်မှာ အမျိုးသားချင်း လိင်ဆက်ဆံမှုကြောင့် HIV ကူးစက်မှု နှုန်းဟာ ၂၉ % ရှိတယ်လို့ ဆိုပါတယ်။

အခုနှစ်ပိုင်းတွေ မှာတော့ အထက်ပါ အရေအတွက် ထက် ကူးစက်မှုနှုန်းဟာ တဟုန်ထိုး တက်လာတယ်လို့ ကွန်ဒုံး အသုံးပြုရေး လှုံဆော် စည်းရုံးသူ တဦးနဲ့ HIV ဝေဒနာ သည်တွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။

အခုလို ဖြစ်ရတာဟာ လိင်ဆက်ဆံတဲ့ အခါ ကွန်ဒုံး အသုံးပြုဖို့ မရှိမဖြစ် လိုအပ်ကြောင်း ထောက်ပြနေတာ ဖြစ်တဲ့ အကြောင်းကို မစန္ဒာက အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ပြထားပါတယ်။