နောက်ဆုံး ရေးသားချိန် 17 ဇူလိုင်လ 2011 - 15:55 GMT

မိုဘီ ဂျီနိုနဲ့ ဟယ်ရီပေါ်တာ

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်ကတော့

Harry Potter

အဓိက သရုပ်ဆောင် လူငယ်သုံးဦး

ဟယ်ရီပေါ်တာ ဇာတ်ကားတွေရဲ့ ဇာတ်သိမ်း ပိုင်းဖြစ်တဲ့ Harry Potter and The Deathly Hallows အပိုင်း ၂ ဇာတ်ကားအကြောင်း တင်ဆက်ပေးထား ပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း ကမ္ဘာ့ရုပ်ရှင် လောကမှာ ၊ နောက်ပြီး ကမ္ဘာတစ်ဝန်းက ဆယ်ကျော်သက် လူငယ်တွေ ကြားမှာ အစွဲလမ်းရဆုံးနဲ့ အထင်ရှားဆုံး ဇာတ်ကောင် ဟယ်ရီပေါ်တာရဲ့ နောက်ဆုံး ဇာတ်လမ်း အကြောင်းပါ။

မှော် ပဉ္ဇလက်တွေတတ်ကျွမ်းတဲ့ မှော်ဆရာလေးတွေရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးရဲ့ ဇာတ်သိမ်း ပိုင်းကို ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ဇူလိုင်လလယ်ကစပြီး ပြသနေပါတယ်။

Harry Potter

တံမျက်စည်းပျံ

စာရေးဆရာမ ဂျေ ကေ ရိုးလင်းရဲ့ ဝတ္တုကို အခြေခံပြီး ဒီဇာတ်သိမ်းပိုင်း ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ဒေးဗစ် ရိတ်စ်က ရိုက်ကူးပြီး ဟယ်ရီပေါ်တာ အဖြစ် ဒန်နီယယ်လ် ရက်ကလစ်ဖ်၊ ဟာမာနီ ဂရိန်းဂျား အဖြစ် အမ်မာ ဝပ်ဆင်၊ ရွန် ဝီစ်စလေအဖြစ် ရူးပတ် ဂရင့်၊ အောက်လမ်း မှော်ဂိုဏ်း ဆရာကြီး ဗိုဒါမော့တ် အဖြစ် ရက်ဖ် ဖင်းန်စ် က သရုပ်ဆောင် ထားကြပါတယ်။

Harry Potter

ဟယ်ရီပေါ်တာ ပထမဇာတ်ကားတုန်းက

ဒီဇာတ်လမ်းမှာ အောက်လမ်း မှော်ဂိုဏ်း ဆရာပြီး ဗိုဒမော့တ် နဲ့ ဟယ်ရီ ပေါ်တာ တို့ရဲ့ ပွဲသိမ်း မှော် တိုက်ကွက်တွေက ဘာတွေလဲ၊ ရွန်နဲ့ ဟာမာနီ တို့ရဲ့ ပထမဆုံး အနမ်း၊ ဟယ်ရီနဲ့ ဂျဲန်နီတို့ရဲ့ ဇာတ်လမ်း၊ ဟော့ဂ်ဝပ် မှော်ပညာကျောင်းတော်ကြီး ဘာဖြစ်သွားလဲ စတာတွေကို ရှုစားကြရပါတယ်။

ဒီအကြောင်း ဟယ်ရီပေါ်တာ ပရိတ်သတ် မြန်မာ လူကြီး လူငယ်တွေရဲ့ အတွေ့အကြုံ အမြင် သဘော ထားတွေနဲ့၊ သရုပ်ဆောင်တွေနဲ့ စာရေးဆရာတို့ရဲ့ ရင်ဖွင့်သံတွေကို မိုဘီ ဂျီနို အစီအစဉ်မှာ ကိုမိုးမြင့်က တင်ဆက်ပေးထား ပါတယ်။

မိုဘီ ဂျီနိုကို ဆက်သွယ်မယ်ဆိုရင်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေသလို မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ထင်မြင်ယူဆချက်တွေ၊ အနာဂတ် အိပ်မက်တွေအကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိ ပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက် သတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။