နောက်ဆုံး ရေးသားချိန် 28 ဇူလိုင်လ 2011 - 16:50 GMT

အိုလံပစ် အားကစားပြိုင်ပွဲ နေရာများ

၂၀၁၂ လန်ဒန် အိုလံပစ် ပြိုင်ပွဲ နေရာများ

  • Olympic Stadium
    အိုလံပစ်ရွာ ထဲမှာ တည်ရှိတဲ့ အိုလံပစ် အားကစားရုံဟာ အမြင့်မီတာ ၂၀ နဲ့ အဝန်း မီတာ ၉၀၀ ရှိပြီး သုံးဖက်မှာရေ ကန်တွေ ဝိုင်းထားပါတယ်။
  • Velodrome
    စက်ဘီး ပြိုင်ပွဲတွေ အတွက် အားကစားရုံဟာ လူ ၆၀၀၀ ဆံ့ပြီး၊ ဘီအမ်အိတ်စ် ကွင်းပတ် စက်ဘီး ပြိုင်ကွင်း လည်း ပါဝင် ပါတယ်။
  • Aquatics Centre
    အိုလံပစ်ရွာ ထဲက ရေကူးနဲ့ ဒိုင်ဗင် စင်တာမှာ မီတာ ၅၀ ရေကူးကန်နဲ့ ၂၅ မီတာ ဒိုင်ဗင် ရေကန်တို့ ပါဝင်ပါတယ်။
  • Hoclcy Centre
    အပိုင်း နှစ်ပိုင်း ပါတဲ့ ဟော်ကီ စင်တာမှာ ထိုင်ခုံ ၅၀၀၀ ရှိပြီး လိုအပ်ရင် ခုံ တသောင်း အထိချဲ့လို့ ရပါတယ်။
  • Basketball Arena
    ပရိဿတ် ၁၂၀၀၀ အထိဆံ့တဲ့ အိုလံပစ်ရွာက ဘတ်စကက်ဘော အားကစားရုံမှာ ကွာတားဖိုင်နယ် အဆင့်အထိ ပြိုင်ပွဲတွေကို ကျင်းပမှာ ဖြစ်ပြီး ဖိုင်နယ်ပွဲတွေကိုတော့ အိုတူး အဆောက်အဦမှာ ကျင်းပမှာပါ။
  • Handball Arena
    လက်ပစ်ဘော အားကစားရုံမှာ ဓါးခုတ်နဲ့ ပစ်စတို သေနတ်ပစ် ပြိုင်ပွဲ တွေလည်း ကျင်းပမှာ ဖြစ်ပါတယ်။
  • Horse Guard Parade
    ၁၇၄၅ ခုနှစ် ကတည်းက စစ်ရေးပြ ကွင်း အဖြစ် သုံးခဲ့တဲ့ နေရာမှာ သဲတွေဖို့ပြီး ကမ်းခြေ ဘတ်စကတ်ဘော ပြိုင်ပွဲတွေ ကျင်းပမှာပါ။
  • Hyde Park
    လန်ဒန်ရဲ့ သမိုင်းဝင် ဟိုက်ပတ်ခ် ပန်းခြံ ကနေ စက်ဘီး ပြိုင်ပွဲနဲ့ အပြေး ပြိုင်ပွဲ တွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။
  • Greenwich Park
    ဂရင်းနစ် စံတော်ချိန်မျဉ်း ရှိတဲ့ ဒီနေရာမှာ အလှပြ မြင်းခုန် ပြိုင်ပွဲတွေ ကျင်းပ မှာပါ။
  • Wimbeldon
    ကမ္ဘာကျော် ဝင်ဘယ်ဒန် တင်းနစ် အားကစား ပြိုင်ကွင်းကို ၂၀၁၂ အိုလံပစ်ပွဲ အတွက် အထူး ပြုပြင် မွမ်းမံမှုတွေ ဆောင်ရွက် နေပါတယ်။
  • Royal Artillery Baracks
    လန်ဒန်မြို့ အရှေ့ပိုင်းက တော်ဝင် အမြောက်တပ် မှာ သေနတ်ပစ် ပြိုင်ပွဲတွေ ကို အဓိက ကျင်းပ မှာပါ။
  • Hampton Court Palace
    ဟမ်တမ်ကုတ် နန်းတော် ဟာ စံချိန်ယူ စက်ဘီးပြိုင်ပွဲ တာထွက် နဲ့ ပန်းဝင်မယ့် နေရာ ဖြစ်ပါတယ်။
  • Lord's Cricket Ground
    လော့ဒ် ခရစ်ကက် ကွင်းမှာ ခရစ်ကက် အပြင် မျှားပစ် ပြိုင်ပွဲ တွေလည်း ကျင်းပ မှာ ဖြစ်ပါတယ်။
  • Hadleigh Farm
    လန်ဒန်မြို့ အရှေ့ဖက် မှာရှိတဲ့ ဟက်ဒလေ ဥယျာဉ် ကတော့ တောင်တက် စက်ဘီး ပြိုင်ပွဲ နေရာပါ။
  • Eton Dorney
    အီတန် ကောလိပ် က တည်ဆောက် ထားတဲ့ အီတန် ဒေါ်နီ ရေကန်မှာ လှေလှော် နဲ့ ကနူးလှေ ပြိုင်ပွဲတွေ ကျင်းပ ပါမယ်။
  • Lee Valley White Water Centre
    ရေပန့် ကြီးတွေနဲ့ ဖန်တီး ထားတဲ့ လီဗယ်လီ ရေပြင်မှာ ကနူး နဲ့ ကယတ် လှေပြိုင်ပွဲတွေ လုပ်ကြ မှာပါ။
  • Waymouth and Portland
    ရွက်လှေ ပြိုင်ပွဲ ကျင်းပမယ် ဝေမောက်နှင့် ပို့တ်လန် ဆိပ်ကမ်း မှာတော့ လက်မှတ် ဝယ်စရာ မလိုဘဲ ကမ်းခြေကနေ ပြိုင်ပွဲ တွေကို ကြည့်နိုင် ပါမယ်။
  • UK Football Venues
    ဘောလုံးပွဲ ဝါသနာ ရှင်တွေ ကတော့ စိတ်ဝင်စားတဲ့ ပွဲစဉ် အလိုက် သက်ဆိုင်ရာ မြို့တွေမှာ သွားကြည့် နိုင်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။