သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုယ်ဝန် အရင့်အမာနဲ့ စစ်ပြေး ဒုက္ခသည်ရဲ့ အတွေ့အကြုံ

  • 1 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် others
Image caption စစ်ပြေးရင်း မွေးဖွားခဲ့ရတဲ့ ရင်သွေးငယ်နဲ့ အတူ ခွင့်နဲ ပြန်လာတဲ့ ခင်ပွန်းသည်ကိုပါ မြင်ရတဲ့ ဆရာမလေး မိသားစု

မြန်မာပြည် မြောက်ဖျား ကချင် ပြည်နယ်မှာ ၁ရ နှစ်ကြာ အပစ်ခတ် ရပ်စဲထားရာက စစ်မီး ပြန်တောက် လာတာကြောင့် ထောင်သောင်း ချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာ ပြေးနေရပါတယ်။

စစ်ဖြစ်ပြီ ဆိုတာနဲ့ ထုံးစံအတိုင်း အဆိုးရွားဆုံး ခံရသူတွေကတော့ သက်ကြီး ရွယ်အိုတွေ အမျိုးသမီးနဲ့ ခလေးတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်အရင့်အမာတွေ လွယ်ပြီး ထွက်ပြေးခဲ့ရတဲ့ ကျောင်းဆရာမလေး တယောက်ရဲ့ တွေ့ကြုံ ဖြစ်ပျက်သမျှ တွေက စစ်အနိဌာရုံနဲ့ အပြစ်မဲ့ စစ်ပြေးရတဲ့ သူတွေရဲ့ ဘဝတွေကို ထင်ဟပ် စေပါတယ်။

အိမ်ထောင်ဦးစီး ခင်ပွန်းသည်ကို စစ်တိုက်ဖို့ ခေါ်သွားခံရ၊ လွန်ခဲ့တဲ့ လေးရက်က မွေးဖွားထားတဲ့ မွေးကင်းစ အပါအဝင် ကလေးသုံးယောက်နဲ့ အနာဂတ် ပျောက်ဆုံး နေတဲ့ ကျောင်းဆရာမလေးလို အပြစ်မဲ့ သားကောင်တွေဟာ စစ်ပွဲတိုက်ခိုက်မှု တွေဖြစ်နေသမျှ ဆက်လက် တည်ရှိနေဦးမယ် ဆိုတာ အမေ့ခံ ပုံရိပ်တွေကြား ကနေ ဖော်ထုတ် တင်ဆက်လိုက်ရပါတယ်။