သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆန္ဒမပါဘဲ လူမျိုးခြား ဇနီးမယား ဖြစ်ရသူတွေ

  • 19 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် Katsuo TAKAHASHI
Image caption ပြည်ပမှာ တရုတ်မယား အဖြစ် အရောင်းခံရတဲ့ မြန်မာ အမျိုးသမီး

ကျွန်မတို့ မြန်မာနိုင်ငံမှာ စားဝတ်နေရေး ကြပ်တည်းမှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးငယ် တွေကို လူကုန်ကူး သမား ပွဲစားတွေက ဖျားယောင်းသွေးဆောင်ကာ ပြည်ပမှာ ရောင်းစား ရုံမျှမက အလိုမတူဘဲ လူမျိုးခြားတွေရဲ့ ဇနီးမယား အဖြစ် အဓမ္မ သွတ်သွင်းခံ ရတဲ့ ကိစ္စမျိုးတွေ ဆယ်စုနှစ်နဲ့ ချီပြီး ရှိလာနေပါပြီ။

၂ဝဝ၉ ကနေ ၂ဝ၁ဝ ခုနှစ်အတွင်း အဆိုပါ အဖြစ်အပျက်မျိုးတွေ ၂ဝ ရာခိုင်နှုန်းထိ အထိ မြင့်တတ် လာတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ ဆိုနေသလို ကုလသမဂ္ဂ (UNIAP) ရဲ့ ထုတ်ပြန်ချက် အရလည်း လူကုန်ကူးမှုရဲ့ ရဝ ရာခိုင်နှုန်းလောက်ဟာ တရုတ်မယားအဖြစ် အရောင်း ခံရသူတွေလို့ ဖော်ပြ ထားပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံမှာ ဆန္ဒမပါဘဲ တရုတ် အမျိုးသားတွေရဲ့ ဇနီးမယား ရောင်းစားခံရပြီး ပါသွားတဲ့ ရင်သွေးကိုပါ လုယူထား ခံလိုက်ရတဲ့ မြန်မာ အမျိုးသမီး တယောက်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်နဲ့ ဒီလူကုန်ကူးမှုတွေ ဘာကြောင့် ကြီးထွားရသလဲ ဆိုတာကို အမေ့ခံ ပုံရိပ်တွေ အကြောင်း နားထောင်ရင်း အဖြေထုတ်နိုင်ပါပြီ။