သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မန်ချက်စတာ ၁၃ - လန်ဒန် ၃

  • 29 ဩဂုတ် 2011

မန်ချက်စတာ က ၂ သင်းနဲ့ လန်ဒန် က ၂ သင်း တွေ့ခဲ့ကြတဲ့ ပရီးမီးယား လိဂ်ရဲ့ တတိယပတ် ပွဲစဉ် တွေ မှာတော့ လန်ဒန် ဘက်က အသင်းကြီးတွေ အခြေမလှ ဖြစ်ခဲ့ကြပါတယ်။

မန်စီးတီး ကို လက်ခံ ကစား ခဲ့တဲ့ တော့တင်ဟမ် ရော အိုးလ်ထရက်ဖို့ဒ် မှာ မန်ယူနဲ့ သွား ကန်ခဲ့တဲ့ အာဆင်နယ် ရော ခြေပြတ် ဂိုးပြတ် ရှုံးခဲ့ကြပါတယ်။

မန်ချက်စတာ ဘက်က ၁၃ ဂိုးသွင်း ခဲ့ကြပြီး လန်ဒန် ဘက်ကတော့ ၃ ဂိုးပဲ ပြန်သွင်း နိုင်ခဲ့ကြပါတယ်။

ဒီတော့ အင်္ဂလိပ် ဘောလုံး ချိန်ခွင်လျှာ မြောက်ဘက်ကို အလေးသာ လာ နေပြီလား။

မြန်မာ နိုင်ငံက အားကစား ကလောင်ရှင် တဦးရဲ့ သုံးသတ်ချက် နဲ့ အတူ ဥရောပ ချန်ပီယံ လိဂ် အတွက် အုပ်စု ခွဲလိုက်တဲ့ သတင်း တွေ အပြင် တောင်ကိုရီးယား နိုင်ငံ က ဒေဂူးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ ပြေးခုန်ပြစ် ပြိုင်ပွဲကြီး က ကမ္ဘာ့ချန်ပီယံ အပြေးသမား ရဲ့ မမျှော်လင့် ထားတဲ့ အဖြစ်တခု ကိုလဲ တင်ဆက် ပေးထား ပါတယ်။