သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငါး၊ ပုဇွန် ရေထွက်ပစ္စည်းတွေ အမိအရ နည်းလာ

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် others
Image caption အရင်ကလို ငါး၊ ပုဇွန် အကောင်ကြီးကြီးကို စျေးပေါပေါနဲ့ မရောင်းနိုင်တော့ပြီ

ကုန်းတွင်းမြေ စတုရန်း ကီလိုမီတာ ခြောက်သိန်းခွဲရှိပြီး ကမ်းရိုးတမ်း ဧရိယာ နှစ်ထောင့် ရှစ်ရာ ကီလိုမီတာလောက် ပိုင်ဆိုင်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ် က စစ်တမ်းတွေအရ ငါး ပုဇွန်နဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်မှု မက်ထရစ်တန် ၃၁၆၈.၆၄ ကျော် ရှိပါတယ်။

ဒါပေမယ့် အခုနှစ်ပိုင်းတွေ အတွင်း အမိအရ နည်းလာပြီး ဖမ်းဆီးရရှိမှု လျော့လာတယ် လို့ ပြောဆိုသံတွေ ရေလုပ်သားတွေဆီက ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။

ဒါတွေက သဘာဝ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကြောင့်လား ၊ လူတွေရဲ့ ဆင်ခြင် ပေါ့ဆမှု ၊ သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်း မလိုက်နာမှုတွေ ကြောင့်လား ဆိုတာ အမေ့ခံ ပုံရိပ်များ အစီအစဉ် နားထောင်ပြီး အဖြေရှာ ကြည့်ရအောင် မစန္ဒာ စီစဉ် တင်ဆက် ပေးထားပါတယ်။