သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂေဟ အခြေခံ ခရီးသွား လုပ်ငန်းနဲ့ မြန်မာပြည်

  • 13 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် woodland travel
Image caption ဂူထဲက ဘုရားပုထိုးတွေ ကအစ စိတ်ဝင်စားစရာ

အခုလို ပွင့်လင်းရာသီ ရောက်ပြီ ဆိုရင်ဖြင့် ကျွန်မတို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ ဝင်လာမစဲ တသဲသဲ ဖြစ်နေပြီး ဒီခရီးသွား လုပ်ငန်းက တိုင်းပြည်ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်းကို ရှာပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် woodland travel
Image caption နေကျောက်ခဲရဲ့ အင်းလေးမှာ ရွာတဲ့မိုးကလည်း ခရီးသွားတွေကို ဆွဲဆောင်

မြောက်ပိုင်းက ရေခဲတောင်ကနေ တောင်ဖက်က ဆလုံကျွန်း အထိ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေ ဒုနဲ့ဒေး ရှိနေတဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းတွေနဲ့ ယှဉ်လိုက်ရင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အများကြီး လိုနေသေးတယ်လို့ တချို့က မှတ်ချက် ချကြပါတယ်။

Ecotourism နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူလည်းဖြစ် Nature Lovers ခရီးသွား လုပ်ငန်း ထူထောင်ပြီး မြန်မာ နိုင်ငံမှာ Ecotourism ဖွံ့ဖြိုးလာဖို့ ကြိုးစားနေတဲ့ ဦးအောင်ဒင်က အားနည်းချက် အားသာချက်တွေ အပြင် လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ဆွေးနွေး တင်ပြထား သလို Enchanting Myanmar ခရီးသွား မဂ္ဂဇင်းက ဖန်တီးမှု ဒါရိုက်တာ ဦးဆန်နီငြိမ်းကလည်း ခရီးသွားရင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လွဲချက်တွေကို အမေ့ခံ ပုံရိပ်တွေကြား တင်ဆက် ထားပါတယ်။