သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွှေဝါရောင် ဆရာလေးရဲ့ ခံယူချက်

  • 19 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption သာသနာထဲက ဆရာလေးတွေလည်း အဖမ်းအဆီးနဲ့ မလွတ်

၂ဝဝရ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ် တုန်းက ကျောင်းတိုက်တွေ ဝင်စီးနင်းတုန်း အဖမ်းခံခဲ့ရတဲ့ ဆရာလေး မစိတ္တဝတ္တီ တို့ သားအမိအကြောင်း ဒီတပတ် အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ပေးထားပါတယ်။

သူတို့ရဲ့ ကျောင်းတိုင် ဆရာတော် အရှင်အာနန္ဒာ ဟာ ဂဂ နှစ် ခုနှစ်တုန်းက ရဟန်းပျိုသမဂ္ဂကို ဦးဆောင်ခဲ့မှုနဲ့ လေဖြတ်နေတဲ့ ဆရာတော်ကိုလည်း ဖမ်း ကျောင်းက ရှိတဲ့ သံဃာ သီလရှင် အကုန်လုံးကို ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချခံခဲ့ရတာပါ။

ကလေးဘဝ ကတည်းက သာသနာဘောင်ထဲ ဝင်ပြီး သီလရှင်ဝတ်ခဲ့တဲ့ ဆရာလေး မစိတ္တ တယောက် ထောင်ထဲမှာ ဘယ်လို ရုန်းကန် ခဲ့ရပါသလဲ ၊ ပြန်လွတ်လာတော့လည်း အကြောင်းအမျိုးမျိုးကြောင့် သာသနာ ဘောင်ထဲ ပြန်ဝင်ခွင့် မရခဲ့သလို လူ့ဘောင် အသိုင်းအဝိုင်းမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုပြီး ဖယ်ကျဉ် ခံရနဲ့ လက်ရှိ အခြေအနေမှာကော ပတ်ဝန်းကျင်ရဲ့ တုန့်ပြန် ရိုက်ခတ်မှု ဒဏ်တွေ ဘယ်လို ခံနေရပါသလဲ ။

သူတို့ အဖြစ်အပျက် တွေက တခြား ဘဝတူ ထောင်ကျ သီလရှင် သံဃာတွေရဲ့ အခြေအနေကိုလည်း ထင်ဟပ်စေတာမို့ အမေ့ခံ ပုံရိပ်များ အစီအစဉ်ကနေ တင်ဆက် ပေးလိုက်ရပါတယ်။