သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စစ်ရဲ့မြေဇာပင် ပေါ်တာ ကချင်လူငယ်

  • 26 နိုဝင်ဘာ 2011
ဓာတ်ပုံ မူပိုင် FBR
Image caption လူထုကို စစ်တပ်က ပေါ်တာဆွဲပြီး အသုံးချနေ

ဝိုင်းမော်မြို့နယ် ပန်းတောင်းကျေးရွာ ဖွံ့ဖြိုရေး ဒေသ တွင် နေထိုင်သူ အသက် ၃၄ နှစ် အရွယ် ကိုဘရန်လီ ဟာ တာလောကြီးကျေးရွာက မိခင်ဖြစ်သူ ထံ လယ်ရိတ် စရိတ် သွားယူရင်း မြန်မာ စစ်တပ် ၁၂၁ /၃၈၈ / ၁၄၁ တပ်ရင်း သုံးဖွဲ့ပေါင်းပြီး တာလောကြီးက ထွက်အလာ လဆိုင်းရေတွင်း နားမှာ ပေါ်တာဆွဲ ခံခဲ့ရပါတယ်။

နို၀င်ဘာ ၃ရက်နေ့ တုန်းက အဖမ်းခံရပြီး၁၅ ရက်အကြာ မြန်မာစစ်တပ်နှင့် အတူ ရှေ့တန်း စစ်မျက်နှာပြင်မှာ ပေါ်တာ အဖြစ် တာ၀န် ထမ်းဆောင်ရပြီး ယခုလ ၁၈ ရက်နေ့က လိုင်ဇာမြို့နှင့် မဒီယန် အကြား စစ်ဖြစ်ပွားမူကနေ ထွက်ပြေး လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ တိုက်ခိုက်နေသော ပြည်တွင်းစစ်အကြား ရှေ့တန်း စစ်မျက်နာပြင်မှာ အသုံးချဖို့ ကချင်ပြည်သူများကို ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် ခံနေရတဲ့ ကိုဘရန်လီရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တွေက ကချင်ပြည်က အမေ့ခံ ပုံရိပ်တွေကို ထင်ဟပ်စေပါတယ်။

မှတ်ချက် ။ ဓါတ်ပုံများကို Independent Mon News Agency က ကူးယူ ဖော်ပြထားတာ ဖြစ်ပါတယ်။