နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2011 - 17:51 GMT

မိုဘီဂျီနိုနဲ့ တက်ကြွလှုပ်ရှားသူများ

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

GW

ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း လူငယ်တက်ကြွ လှုပ်ရှားသူ တွေအတွက် ဘာတွေ အပြောင်းအလဲ ဖြစ်ခဲ့ပြီလဲ၊ အခု ၂၀၁၂ နှစ်သစ်မှာ ဘာတွေ မျှော်လင့် နိုင်ကြမလဲ ဆိုတာကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)က မျိုးဆက်သစ် လူငယ်အဖွဲ့ဝင် မဖြိုးဖြိုးအောင်နဲ့ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အဖွဲ့က ကိုအာကာဘိုတို့က မိုဘီဂျီနို အစီအစဉ်ကနေ သူတို့ အမြင်တွေကို ဆွေးနွေး ထားကြပါတယ်။

နှစ်ဦးစလုံးဟာ အသက် ၂၀ ကျော် လူငယ်တွေ ဖြစ်ပြီး တက္ကသိုလ် တက်နေဆဲမှာပဲ ၂၀၀ရ သံဃာ့အရေးအခင်းနောက်ပိုင်း တက်ကြွလှုပ်ရှားသူတွေအဖြစ် ပါဝင် လုပ်ဆောင်ရာက အဖမ်းခံခဲ့ကြ ရပါတယ်။ အဖမ်းမခံရချိန်ထိ မဖြိုးဖြိုးအောင်က အင်ဂျင်နီယာကျောင်းသူ ဖြစ်ပြီး ကိုအာကာဘိုက ဆေးကျောင်းသား ဖြစ်ပါတယ်။

သူတို့တွေဟာ ၂၀၁၁ အောက်တိုဘာ ၁၂ မှာ လွတ်မြောက်လာ ကြပါတယ်။ လွတ်မြောက် လာအပြီး သူတို့ မြင်တွေ့ရတဲ့ အခြေအနေတွေ၊ လှုပ်ရှားမှုတွေကို ပြောပြ ထားကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။