နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2012 - 17:36 GMT

မိုဘီဂျီနို နဲ့ နေဘုန်းလတ်

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

Nay Phone Latt

ဘလော့ဂါ နေဘုန်းလတ်

ဇန်နဝါရီလ ၁၃ ရက်နေ့က ဖားအံ အကျဉ်း ထောင်ကနေ လွတ်မြောက်လာတဲ့ ဘလော့ဂါ နေဖုန်းလတ်နဲ့ ဆက်သွယ် မေးမြန်းထားတာကို တင်ဆက်ပေး ထားပါတယ်။

ဘလော့ဂါ နေဘုန်းလတ်ဟာ ၂၀၀၇ သံဃာ့ အရေးအခင်း နောက်ပိုင်း အဖမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချခံရသူ ဖြစ်ပါတယ်။ နောက်ပိုင်း အယူခံဝင်ပြီးနောက် ၁၂ နှစ် ကျခံနေချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာပါ။

သူ့ကို ထောင်ချတဲ့အမှုတွေထဲမှာ သူ့အီးမေးလ်ထဲ နိုင်ငံတော်အကြီးအကဲရဲ့ ရုပ်ပြောင် ဓာတ်ပုံ တွေ့ရှိမှု နဲ့ သီးလေးသီး အငြိမ့်ခွေ လက်ဝယ်ထားရှိမှု တွေလည်း ပါဝင်ပါတယ်။

ကိုနေဘုန်းလတ်ဟာ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၀ တစ်နှစ်တာ ကမ္ဘာတဝန်း ကဏ္ဍအသီသီးက ပုဂ္ဂိလ်ကျော် ၁၀၀ စာရင်းထဲမှာ ပါခဲ့ပါတယ်။ နောက်ပြီး PEN အဖွဲ့က ပေးအပ်တဲ့ လွတ်လပ်စွာ ရေးသားခွင့်နဲ့ဆိုင်တဲ့ 2010 PEN/Barbara Goldsmith Freedom to Write ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။

ကိုနေဘုန်းလတ်ဟာ ၂၀၀၈ ခုနှစ် သူ ထောင်မကျခင်က 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဆိုတဲ့ ဘလော့ နာမည်နဲ့ စာတွေ ရေးခဲ့ပါတယ်။ အခု လွတ်လာတဲ့ အချိန်မှာလည်း ဘလော့ ကို ဆက်ရေးမှာ ဖြစ်သလို Nay Phone Latt ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်မှာလည်း ရေးနေတယ်လို့ ပြောပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။