သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေ့ပြောင်း နေထိုင် လုပ်ကိုင် နေရတဲ့ ဘဝတွေ

  • 29 ဇန်နဝါရီ 2012
Image caption မြန်မာဖက်ကနေ ထိုင်းဖက်ကူး အလုပ်လုပ် ကြသူတွေ

ရေမြေ အနေအထား အရ တဖက်နိုင်ငံနဲ့ ကပ်လျက် ရှိပြီး သွားလာရ လွယ်ကူတာကြောင့် ထိုင်းနယ်စပ်နားက မြန်မာ မြို့ရွာတွေမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေ မရှိတော့ဘဲ ကလေးတွေနဲ့ မိအို ဖအိုတွေ ကိုသာ ထူးထူးဆန်းဆန်း မြင်တွေ့ ကြရပါတယ်။

ကိုယ့်မိဘ လက်ငုပ်လက်ရင်း ဖြစ်တဲ့ ရာဘာစေး ခြစ် လုပ်ငန်းကို မလုပ်ဘဲ တဖတ် နိုင်ငံမှာ လစာပိုကောင်းကောင်း ရတဲ့ ဒီရာဘာစေးခြစ် လုပ်ငန်းကို သွားလုပ်တာကြောင့် မွန်ပြည်နယ် နစ်ကိုင်းရွာက အမေအိုရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

တခါ နစ်ကိုင်းရွာမှာ လှစ်ဟာ လိုအပ်နေတဲ့ လူအစွမ်းအား အရင်းအမြစ်ကို ပဲခူးတိုင်း နတ္တလင်း ပေါင်းတည်ဖက်က လူတွေက သူတို့ဆီမှာထက် ဝင်ငွေ ပိုရလို့ ဆိုပြီး မိသားစု အလိုက် ရွေ့ပြောင်း ဝင်ရောက် နေထိုင် လုပ်ကိုင် နေကြပါတယ်။

အခုလို လူတွေ တနေရာကနေ တနေရာကို ပြောင်းရွှေ့နေထိုင် ဝင်ရောက်မှုတွေကို မစန္ဒာက အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ပေးထားပါတယ်။