နောက်ဆုံး ရေးသားချိန် 1 မေလ 2012 - 17:04 GMT

မိုဘီဂျီနို နဲ့ Hiphop အမတ်

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်ကတော့ . . .

ဟစ်ဟော့အဆိုတော်၊ တက်ကြွလှုပ်ရှားသူ နဲ့ အခုနောက်ဆုံး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်လာတဲ့ လူငယ် တစ်ယောက်အကြောင်း တင်ဆက်ပေး ထားပါတယ်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ရွေးကောက် တင်မြှောက်ခံရတဲ့ ကိုဇေယျာသော် အကြောင်း ဖြစ်ပါတယ်။

သူဟာ မြန်မာပြည်ကို ဟစ်ဟော့သီချင်းတွေ စတင် မိတ်ဆက်ပေးခဲ့တဲ့ Acid အဖွဲ့က နိုက်ထရစ် အက်စစ် နာမည်နဲ့ အဖွဲ့ဝင် အဆိုတော်တစ်ဦး ဖြစ်သလို သံဃာ့အရေးအခင်းအပြီး လူငယ် တက်ကြွလှုပ်ရှားသူတွေနဲ့ စုပြီး ဖွဲ့ထားတဲ့ Generation Wave အဖွဲ့ ပူးတွဲ တည်ထောင် သူလည်း ဖြစ်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာတော့ သူဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် အနိုင်ရခဲ့တာမို့ သူ့ရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် သူ့ရဲ့ အိပ်မက်တွေအကြောင်း မေးမြန်းထားတာ ဖြစ်ပါတယ်။

မိုဘီဂျီနို အစီအစဉ် ...

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် နေသလို မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေနဲ့ အနာဂတ် အိပ်မက်တွေအကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိ ပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဆက်သွယ်မယ်ဆိုရင် အီးမေးလ် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

မိုဘီ ဂျီနို အစီအစဉ်ကို အရင်က တနင်္ဂနွေနေ့ ညပိုင်းမှာ တင်ဆက်ခဲ့တာ ဖြစ်ပေမယ့် မေလဆန်းက စပြီး နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ထုတ်လွှင့်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

ထိပ်တန်းသတင်းများ

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။