နောက်ဆုံး ရေးသားချိန် 16 မေလ 2012 - 18:07 GMT

မိုဘီဂျီနိုနဲ့ တေးရေးဆရာ

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

မိုဘီဂျီနိုရဲ့ ဒီတစ်ပတ်အစီအစဉ်မှာတော့ . ..

Sang Pi

တေးရေး တေးဆို စံပီး

ချင်းလူငယ် တေးရေးဆရာ စံပီး အကြောင်း သူနဲ့ ဆက်သွယ် မေးမြန်းပြီး တင်ဆက်ပေး ထားပါတယ်။

သူဟာ သီချင်းဆို ကောင်းတဲ့ လူငယ်တစ်ဦး ဖြစ်ပေမယ့် ဂီတလောကကို ခြေချခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက် အတွင်း တေးရေးတစ်ဦး အနေနဲ့ အဓိက ရပ်တည်တာ တွေ့ရ ပါတယ်။

နောက်ပြီး အချစ် သီချင်းတွေ မဆိုပဲ ဓမ္မတေး၊ ရိုးရာ အလှဖွဲ့ တေးတွေနဲ့ လူမှုအကျိုးပြု တေးတွေကိုပဲ ဆိုတယ်လို့ ပြောပါတယ်။

သူရေးပေးတဲ့ အဆိုတော် တွေထဲမှာ မျိုးကြီး၊ ချောစုခင်၊ ဝိုင်းစုခိုင်သိန်း၊ ဆုန်သင်းပါရ်၊ L လွန်းဝါ တို့လည်း ပါဝင်ပြီး သူရေးတဲ့ သီချင်း အများစုကတော့ အဆွေးသီချင်းလေးတွေ အဖြစ် တွေ့ရပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

ထိပ်တန်းသတင်းများ

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။