သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လင်းလက် ကြယ်စင် လူငယ် အစီအစဉ်

Image caption ကန်တော်ကြီးဟိုတယ်က ဖွင့်လှစ်တဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး သင်တန်းကို လင်းလက် ကြယ်စင်က သွားရောက် လေ့လာထားပါတယ်။

ဒီအပတ်လင်းလက်ကြယ်စင် အစီအစဉ်မှာတော့ လူငယ်တွေ ကိုယ့်ဘ၀ တလျှောက်လုံးမှာ ကိုယ် သင်ယူ လိုရင် သင်ယူနိုင်တဲ့ ဘ၀ တသက်တာ ပညာရေး တွေ အကြောင်း ပြောပြသွားမှာပါ။

နောက်ပြီးတော့ မြန်မာပြည်မှာ အသက်မွေးဝမ်း ကျောင်းပညာ သင်ပေးတဲ့ ကျောင်းမျိုးတွေ အင်္ဂလိပ်လိုတော့ Vocational training တွေပေါ့ အဲလို ကျောင်းတွေရဲ့ အရေးကြီးမှုတွေ ကို ပညာရေးကျွမ်းကျင်သူ တဉီး က ဘယ်လို ပြောပြထားသလဲဆိုတာလဲ ကြားကြရမှာပါ။

ဒါ့အပြင် အသက်မွေးဝမ်းကြောင်း ပညာရပ် သင်တန်း တွေ ကနေ ဘာတွေ သင်ယူနေနိုင်သလဲ ဆိုတာကို တင်ဆက်ထားပေးပါတယ်။

လင်းလက်ကြယ်စင်ရဲ့ facebook စာမျက်နှာ ဖြစ်တဲ့ www.facebook.com/llksradio မှာလည်းဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။