သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အခါခါခေါ်ပေမယ့် ပြည်တော်မပြန်တာ ဘာကြောင့်လဲ

နိုင်ငံတည်ဆောက်ရေးအတွက် ပညာရှင်တွေ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ မြန်မာတွေ ပြန်လာကြဖို့ သမ္မတ ဉီးသိန်းစိန်က မကြာခင်က ထပ်မံခေါ်ဆို လိုက်ပါတယ်။

Image caption ပြည်ပနေ မြန်မာတွေ ပြန်လာဖို့ သမ္မတက အကြိမ်ကြိမ်ဖိတ်နေပေမယ့် မပြန်ကြပါဘူး။

တခါ အစိုးရ သတင်းစာကလည်း မြန်မာတွေ ပြန်လာကြဖို့ ရေးပါတယ်။ ဒါပေမဲ့လို့ အနည်းအကျဉ်းကလွဲလို့ ပြည်ပနေ မြန်မာတွေ အုံနဲ့ကျင်းနဲ့ မပြန်ကြတာ ဘာကြောင့်ပါလဲ။ အစိုးရအနေနဲ့ ဘာတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ လိုနေပါသလဲ။ သောတရှင်တွေနဲ့အတူ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လည်း ဖြစ်၊ တရားလွှတ်တော် ရှေ့နေတဉီးလည်း ဖြစ်တဲ့ ရှေ့နေကြီး ဉီးသိန်းညွန့်က ပင်တိုင် ဆွေးနွေးသူအဖြစ် ပါဝင် ဆွေးနွေးထား ပါတယ်။