သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Cool-tech (Google Work-Style)

ဓာတ်ပုံ မူပိုင် Associated Press
Image caption တခြားကုမ္ပဏီတွေ အတုယူလောက်တဲ့ ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီး

ဒီတပတ် ကူးလ်တက်ခ်ရဲ့ ထူးချက်မှာတော့ လုပ်ငန်းခွင် တိုးတက်ရေးအတွက် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး ဂူဂဲလ်က ဘယ်လို လုပ်ကိုင် ဆောင်ရွက် ထားသလဲ ဆိုတဲ့ အကြောင်းကို ကိုချိုက ပြောပြ ထားပါတယ်။ ဘာအလုပ်ပဲ လုပ်လုပ် ပျော်နေမှ ရွှင်နေမှ စိတ်ပါမှ ကောင်းပါတယ်။ ဆိုလိုတာက လုပ်ငန်းခွင်မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာနေရေးက အရေးကြီး ပါတယ်။ ဒီလို လုပ်ငန်းခွင်မျိုးကို ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး ဂူဂဲလ်မှာ တွေ့နိုင်ပါတယ်။ အမေရိက က ကယ်လီဖိုးနီးယားမှာရှိတဲ့ ဂူဂဲလ် ကုမ္ပဏီမှာ ဂူဂဲလ်လာလို့ ခေါ်တဲ့ ဂူဂဲလ် ဝန်ထမ်းတွေ ဘယ်လို အလုပ် လုပ်ကြတယ် ဆိုတာကို နားဆင်နိုင်ကြ ပါတယ်။