ကချင်ငြိမ်းချမ်းရေး ပြည်သူတွေ ဘာလုပ်ကြမလဲ

  • 1 ဇွန် 2012
Image caption ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရကြား တိုက်ခိုက်မှုတွေကြောင့် နစ်နာတာပြည်သူပါ။

သမ္မတဉီးသိန်းစိန် ဉီးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက် ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကြား တိုက်ခိုက်မှုတွေ ပြန်ဖြစ်တာ လာမယ့် ဇွန်လ ၉ ရက်ဆို တနှစ်ပြည့်ပါပြီ။ ဒီတိုက်ပွဲတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကတော့ အထိအနာဆုံး ဖြစ်ပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကြား ထိုက်သင့်သလောက် သဘောတူညီချက်တွေ ရခဲ့ပေမယ့် ကေအိုင်အိုနဲ့ အစိုးရကြားမှာတော့ အခုထက်ထိ တိတိပပ ဘာသဘောတူညီချက်မှ မရသေးဘဲ ကိုယ့်ရပ်တည်ချက် ကိုယ်စီနဲ့ တင်းခံ၊ တွန်းကန်ထားကြတုန်း ဖြစ်ပါတယ်။ ဒါဆိုရင် ဒီအချိန်မှာ ပြည်သူတွေအနေနဲ့ ဘာတွေ ဆောင်ရွက်နိုင်မလဲ၊ ဘာပြောစရာတွေ ရှိနေပါသလဲ။ ငြိမ်းချမ်းရေးရဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်နိုင်မလဲ။ ဇွန် ၆၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။