သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှု

ဓာတ်ပုံ မူပိုင် AFP
Image caption သစ်တောပြုန်းတီးမှုက ရာသီဥတုကို ထိခိုက်စေပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အစီအစဉ် ငါးခု ထုတ်လွှင့်သွားမှာပါ။ ပထမဆုံးအနေနဲ့ ဒီအပတ်မှာတော့ သစ်တောပြုန်းတီးမှု အကြောင်းတင်ဆက်ပေးပါ့မယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝသစ်တော ပြုန်းတီးမှုအများဆုံး နိုင်ငံတွေထဲက နိုင်ငံတခု ဖြစ်ပါတယ်။

သန်းပေါင်း ၃၄ ဟတ်တာ အကျယ်အဝန်းရှိတဲ့ မြန်မာနိုင်ငံရဲ့ သစ်တောကို ဘယ်လိုမျိုး ထိန်းသိမ်းနိုင်မလဲ? သစ်တောပြုန်းတီးမှုကို စိုးရိမ်ပေမယ့် တဦးတယောက်အနေနဲ့ ဘာတွေလုပ်နိုင်မလဲ? ဒါကိုသိရအောင် သစ်တောပြုန်းတီးမှုအရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့သူတွေနဲ့ လင်းလက်ကြယ်စင်ကအချိန်ယူ မေးမြန်းထားပါတယ်။

ဒီ သစ်တောပြုန်းတီးမှုအရေးနဲ့ပတ်သက်ပြီး ကိုယ်နေတဲ့ ဒေသတွေမှာ ဘာတွေဖြစ်နေသလဲ၊ နောက်ပြီး သစ်တောပြုန်းတီးမှုရဲ့ ဆိုးကျိုးတွေအကြောင်းကို လင်းလက်ကြယ်စင်ရဲ့ facebook စာမျက်နှာဖြစ်တဲ့ www.facebook.com/llksradio မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။