ဗြိတိန် ဘုရင်မကြီး နန်းသက် စိန်ရတု ကျင်းပ

  • 3 ဇွန် 2012
queen ဓာတ်ပုံ မူပိုင် AP
Image caption နန်းသက် နှစ် ၆၀ ပြည့်ပြီ ဖြစ်တဲ့ ဘုရင်မကြီး အဲလ်လိဇဘက်သ်

ဗြိတိန် နိုင်ငံမှာတော့ ဒုတိယမြောက် အဲလ်လိဇဘက်သ် ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၆၀ ပြည့် စိန်ရတု အခမ်းအနားတွေကို ၄ ရက်ကြာ စတင် ကျင်းပနေကြပြီ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနား တွေကို တရားဝင် စတင် တဲ့ အထိမ်းအမှတ် အဖြစ် တာဝါအော့ဖ် လန်ဒန်မှာ အမြောက် ၄၁ ချက် ပစ်ဖောက် ပြီး ဖွင့်လှစ် ခဲ့ကြပါတယ်။ ဘုရင်မကြီး ကိုယ်တိုင်ကတော့ ကမ်းမလောတ် မြင်း အနိုင်ရသွား ခဲ့တဲ့ အက်ပ်ဆွမ် ဒါဘီ မြင်းပြိုင်ပွဲကို သွားရောက်ကြည့် ရှုခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ သိမ်းစ် မြစ်ထဲမှာ လှေသင်္ဘောပေါင်း တထောင်လောက် နဲ့ အတူ ရေခင်း သဘင် ကျင်းပမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးနဲ့ တော်ဝင် မိသားစု ဝင်တွေကတော့ ပန်းပေါင်း တသောင်း ကျော်နဲ့ အလှဆင်ထားတဲ့ ဖောင်တော်နဲ့ လိုက်ပါလာကြမှာ ဖြစ်ပါတယ်။ အဲဒီ ရေခင်းတော်ကို မြစ်ကမ်းနား တဘက်တချက် စီက လူအများ အပြား လာရောက် ကြည့်ရှု ကြလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။