လက်ဘနွန်မှာ လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းတိုက်

  • 3 ဇွန် 2012
tripoli ဓာတ်ပုံ မူပိုင် AFP Getty
Image caption ထရစ်ပိုလီ မြို့ထဲက တိုက်ပွဲ

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်နေတဲ့ တိုက်ခိုက်မှု တွေနဲ့ ဆက်နွယ်ပြီး အိမ်နီးချင်း လက်ဘနွန် နိုင်ငံထဲက ထရစ်ပိုလီ မြို့ထဲမှာလဲ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်း တိုက်ခိုက်မှု တွေဖြစ်ခဲ့ ပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၁၀ ဉီးထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပြီးဖြစ်ပါတယ်။ ထရစ်ပိုလီ မြို့ကို ဆွန်နီ မွတ်စလင် တွေက လွှမ်းမိုး ထားပေမယ့် အဲဒီမှာ ဆီးရီးယား နိုင်ငံကို ကြီးစိုးနေတဲ့ အလောဝစ် တွေလည်း ရှိပါတယ်။

နောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ပွဲ တွေကလည်း မြို့ထဲက အဲဒီ အဖွဲ့ နှစ်ခုလုံး နေထိုင်ကြတဲ့ မြို့နယ်တွေ မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက စလို့ ထရစ်ပိုလီ မြို့ထဲမှာ ဆီးရီးယား နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ တိုက်ခိုက်မှု တွေထဲမှာ ဒီတခါကတော့ အပြင်းထန်ဆုံး ဖြစ်တယ်လို့ ဘေရွတ်မြို့က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။