ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ဖြစ်ပြီလား

Daw Aung San Suu Kyi
Image caption ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ဖြစ်ပြီလား။

နေအိမ်အကျယ်ချုပ်ကျချိန် အများစုနဲ့ မြန်မာပြည်တွင်းမှာ နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ပါလီမန်မှာ မိန့်ခွန်းပြောတာ အပါအဝင် မကြာမီရက်ပိုင်းမှာ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တန်းတူရည်တူ ဆွေးနွေးပြောဆိုတော့မှာ ဖြစ်ပါတယ်။

ဒီတော့ ဇွန်လ ၁၃ ရက်မှာ စတင်တော့မယ့် ဥရောပခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို ကမ္ဘာ့ထိပ်တန်း အဆင့်မီ ခေါင်းဆောင် တယောက်လို ရွက်ဆောင်ရမယ့် တာဝန်တွေ ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီလား။ သောတရှင်တွေ ဘယ်လို ထင်မြင် ယူဆပါသလဲ။ လာမယ့် ဇွန်လ ၁၃ရက် ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ကိုယ်တိုင် ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ် ပါတယ်ခင်ဗျာ။