BBC navigation

မြန်မာ့ခရီးသွား ဘယ်သူ အကျိုးများသလဲ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 18:28 GMT

မီဒီယာ ပလေးယား

မြန်မာ့ခရီးသွား ဘယ်သူ အကျိုးများသလဲ

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

စစ်အစိုးရလက်ထက်က စီးပွားရေး ပိတ်ဆို့ခံရမှုတွေ၊ ဗီဇာစည်းကမ်း တင်းကျပ်မှုတွေကြောင့် ကမ္ဘာလှည့်အရောက် အပေါက်နည်းခဲ့တဲ့ မြန်မာဟာ အခုတော့ ပိတ်ဆို့မှုတွေ ဖယ်ရှားတာအပြင် စည်းကမ်းတွေကိုလည်း လိုက်လျော ညီထွေ ပြင်လာတာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေက တဖြည်းဖြည်း တိုးများလာပါတယ်။

မနှစ်တနှစ်ထဲ လေကြောင်းကနေ ဝင်ရောက်သူ နိုင်ငံခြားဧည့်သည် သုံးသိန်းခွဲကျော်တောင် ရှိလာလို့ ခရီးသွား ဧည့်သည်မှီ လုပ်ငန်းတွေ အဆင်ပြေလာကြပါတယ်။ အပြောင်းအလဲတွေဟာ ဝေဖန်သူတွေ စောကြောကြသလို အောက်ခြေအထိ မထိသေးဘူး ဆိုရင်တော့ ပြည်ပခရီးသွား ဧည့်တွေကြောင့် အလယ်ကလူတွေ အဆင်ပြေနေပြီလား၊ ရန်ကုန်လေဆိပ်မှာ တက္ကစီဆွဲသူတွေကတော့ အဆင်ပြေလာတယ်လို့ ဆိုပါတယ်။

လေဆိပ်တက္ကစီဆရာတွေရဲ့ ဝင်ငွေဟာ တလ ကျပ်တသိန်းခွဲလောက်ကနေ သုံးသိန်းလောက်အထိ တိုးတက်လာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာ့ခရီးသွားလုပ်ငန်း အာဏာပိုင်တွေကတော့ ခရီးသည်တွေကို ဝန်ဆောင်မှု အမှန်တကယ် ပေးနိုင်သလောက်ပဲ လာစေချင်ပါတယ်။

မြန်မာခရီးသွားဘုတ်အဖွဲ့က ဦးသက်လွင်တိုးက တကိုယ်တော် နိုင်ငံခြားဧည့်သည်ကိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ အဆင့်အတန်းရှိတဲ့ ဧည့်သည်မျိုးတွေကို ပိုလိုချင်ပါတယ်။ မြန်မာပြည်မှာက ညဖက် အပျော်အပါးမျိုးက သိပ်မရှိဘဲ သဘာဝအလှအပနဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်မျိုးကို ပိုပြီး ကြည့်ချင် လေ့လာချင်တဲ့ သူမျိုးကိုပဲ လိုချင်ပါတယ်။ ဘာလို့ဆို မြန်မာ့ ခရီးသွား ဖွံ့ဖြိုးမှုကို သပ်သပ်ရပ်ရပ်လေး ဆောင်ရွက်သွားချင်လို့ပါလို့ ပြောပါတယ်။

အိမ်သာရင်တော့ ဧည့်ကလာမှာပါပဲ၊ ဧည့်လာဖို့ကလည်း အစိုးရဘက်ကရော ဟိုတယ်ခရီးနယ်ပယ်ထဲက ဝန်ဆောင်မှုပေးသူတွေရဲ့ ကျွမ်းကျင်မှုတွေကပါ အရေးကြီးသလို ဧည့်ကျေနပ်သလောက် အကျိုးခံစားခွင့်တွေကလည်း တိုးရနေမှာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။