BBC navigation

အိန္ဒိယဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီအတွက် စစ်မှန်တဲ့ မဟာမိတ်လား

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 18:58 GMT

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် ကို မကြာခင်ရက်ပိုင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အစပိုင်း က ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ နအဖနဲ့ နဝတ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ထူထောင်ခဲ့ပါတယ်။

ဒီတော့ကာ အိန္ဒိယဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် တကယ့်စစ်မှန်တဲ့ မဟာမိတ်တဦးဖြစ်ပါသလား။

သောတရှင်တို့ရဲ့ အမြင် သဘောထားတွေကို သိချင်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁၄ ရက် လွတ်လပ်အတွေးဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။