BBC navigation

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 19:53 GMT
လူကုန်ကူးမှု တားဆီးရေး နိုင်ငံတကာလှုပ်ရှားမှု

လူကုန်ကူးမှု တားဆီးရေး နိုင်ငံတကာလှုပ်ရှားမှု

မြန်မာထိုင်းနယ်စပ်တလျှောက်မှာ တလလျှင်ကလေး အယောက်၂၀ခန့် ကူးသန်းရောင်းဝယ်ခံနေရတယ်လို့ လူ့အခွင့်အရေး ပညာပေးရေးဌာန မြန်မာနိုင်ငံ က မကြာမီက ပြောကြားလိုက်ပါတယ်။

ဒီတော့မြန်မာနိုင်ငံမှာ လူကုန်ကူးမှုပြဿနာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါသလဲ။

ဒီပြဿနာဘာကြောင့် ပိုဆိုးဝါးလာနေတယ်လို့ သောတရှင်တွေ ထင်မြင်ယူဆပါသလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမယ့် ဒီဇင်ဘာ၁၉ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။