လက်ကိုင်ဖုန်းဟာ မြန်မာ့ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ တွန်းအားတခု ဖြစ်လာနိုင်မလား။

  • 25 ဧပြီ 2013

မြန်မာနိုင်ငံမှာ ဆင်းမ်ကတ်တွေကို စျေးပေါပေါနဲ့ ရောင်းနေပါပြီ။

လက်ကိုင်ဖုန်းကိုင်နိုင်မဲ့လူတွေ များလာတော့ ဆက်သွယ်ရေးတွေ ကောင်းလာကြတော့မှာ ဖြစ်ပါတယ်။

ဒီတော့ လက်ကိုင်ဖုန်းဟာ မြန်မာ့ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ တွန်းအားတခု ဖြစ်လာနိုင်မလား။

သောတရှင်တွေ ဘယ်လို ထင်ပါသလဲ။

အတွေ့အကြုံ အယူအဆတွေကို လာမယ့် ဧပြီလ ၂၇ ရက် စနေနေ့ည လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။