သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အားကစား စိတ်ဓါတ်နဲ့ စည်းကမ်း ဘယ်လောက် အရေးကြီးသလဲ

  • 24 ဩဂုတ် 2013

မြန်မာ နေရှင်နယ် လိဂ် နောက်ဆုံးပွဲစဉ်အတွင်း နှစ်ဘက် အားကစား သမား အချင်းချင်း ရန်ဖြစ်ရာက ပရိသတ်ပါ ထိန်းမနိုင် ဖြစ်ရတဲ့ အတွက် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းမှာ ပျက်စီး ဆုံးရှုံး မှုတွေ ဖြစ်ခဲ့ရ ပါတယ်။ အခုနှစ် အကုန်မှာ မြန်မာနိုင်ငံက အရှေ့တောင် အာရှ အားကစားပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီတော့ အားကစား သမားတွေရော အားပေးသူ မြန်မာ ပရိသတ်တွေပါ အားကစား စိတ်ဓာတ်နဲ့ စည်းကမ်း လိုက်နာမှု ပိုင်းမှာ ဘယ်လောက် အဆင်သင့်ရှိနေပြီလဲဆိုတာ ဆွေးနွေးထားပါတယ်။