ဆီးရီးယားကို နိုင်ငံတကာက ဝင်တိုက်သင့်သလား

  • 28 ဩဂုတ် 2013

ဆီးရီးယားနိုင်ငံမှာ အစိုးရက ဓါတုလက်နက်နဲ့ တိုက်တယ်ဆိုပြီး စုံစမ်းနေချိန်မှာဘဲ အယ်လက်ပိုမြို့မှာ မီးလောင်ဗုံးလို လက်နက်နဲ့အစိုးရက ဗုံးကျဲ တိုက်ခိုက်လို့ ကျောင်းသားငယ်တွေ သေဆုံးခဲ့ပါတယ်။

ကမ္ဘာက ပိတ်ပင်ထားတဲ့ လူအစုလိုက် အပြုံလိုက်သေစေတဲ့ လက်နက် မျိုးသုံးစွဲ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တဲ့လုပ်ရပ်ဖြစ်ပါတယ်။

ဒါကြောင့် ဆီးရီးယားအစိုးရကို ဘယ်လိုနည်းနဲ့ တုန့်ပြန်သင့်တယ်လို့ သောတရှင်တွေ ထင်မြင် ယူဆပါသလဲ။

စစ်ရေးအရ ဝင်ရောက် တိုက်သင့်သလား ဒါမှမဟုတ် သံတမန် နည်းနဲ့ဖြေရှင်း သင့်သလား။

သောတရှင်တွေရဲ့ အတွေးအမြင်တွေကို သြဂုတ်လ ၃၁ရက်စနေနေ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ်ကနေ ပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။