မြန်မာ့ရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်သင့်သလဲ။

  • 8 စက်တင်ဘာ 2013
မြန်မာ့ရဲတပ်ဖွဲ့တံဆိပ်
Image caption မြန်မာ့ရဲတပ်ဖွဲ့တံဆိပ်

မြန်မာနိုင်ငံကို မကြာမီက သွားရောက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်အရာရှိကြီးတဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ဖို့ ပြုပြင်ပြောင်းလဲရာမှာ အကူအညီ ပေးသွားမယ်လို့ ထုတ်ဖေါ် ပြောသွားပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရင် သောတရှင်တွေအနေနဲ့ ဘယ်အပိုင်းတွေမှာ အဓိကပြောင်းဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆပါသလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမယ့် စက်တင်ဘာလ ၁၄ရက် စနေနေ့ညလွတ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။