အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (18.9 Mb)

မြန်မာ့ရဲတပ်ဖွဲ့ကို ဘယ်လိုပြုပြင်သင့်သလဲ။

14 စက်တင်ဘာ 2013 15:30 GMT နောက်ဆုံး ရေးသားသည်။

ဆန္ဒပြသူများအား ရဲကကိုင်တွယ်ထိန်းသိမ်းနေစဉ်

မြန်မာနိုင်ငံကို မကြာမီက သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားဝန်ကြီး က မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ဖို့ ပြုပြင်ပြောင်းလဲရာမှာ အကူအညီ ပေးသွားမယ်လို့ ထုတ်ဖေါ် ပြောသွားပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရင် သောတရှင်တွေအနေနဲ့ ဘယ်အပိုင်းတွေမှာ အဓိကပြောင်းဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆပါသလဲ။

ဒီအကြောင်း အငြိမ်းစား ရဲအရာရှိ ဦးမြင့်ဝေနဲ့ လွှတ်တော်ရှေ့နေကြီး ရောဘတ်စန်းအောင်တို့က သောတရှင်တွေနဲ့အတူ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်ကနေ ပါဝင်ဆွေးနွေး ထားကြပါတယ်။