အခြေခံဥပဒေ ပြင်မလား အသစ်ပြန်ရေးမလား

  • 29 စက်တင်ဘာ 2013
မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေ
Image caption မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေ

လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ခုနှစ်အခြေခံ ဥပဒေကို ပြင်ဆင်မလား ဒါမှမဟုတ် အသစ်ပြန်လည် ရေးဆွဲမလား ဆိုပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထား ရယူဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ပါတီများက မကြာမီက ကြေညာခဲ့ပါတယ်။

၂၀၀၈အခြေခံ ဥပဒေနဲ့ပတ်သက်လို့ သောတရှင်တွေရဲ့ ဆန္ဒ သဘောထားကရော ဘယ်လိုရှိပါသလဲ။

လာမယ့် အောက်တိုဘာလ ၅ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကနေ သောတရှင်တွေရဲ့ အမြင်တွေကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။