ဒေးကလပ် နိုက်ကလပ်တွေကြောင့် လူငယ်တွေထိခိုက်နိုင်လား

  • 5 အောက်တိုဘာ 2013
Night Club
Image caption Night Club

မြန်မာနိုင်ငံက အချို့မြို့ကြီးတွေမှာ ဒေးကလပ် နိုက်ကလပ်တွေ ခေတ်စားနေပါတယ်။

ဒေးကလပ် နိုက်ကလပ် အပျော်အပါးတွေကြောင့် လူငယ်တွေရဲ့ ပညာရေးနဲ့ အကျင့်စာရိတ္တကို ဘယ်လောက် ထိခိုက်နိုင်တယ်လို့ သောတရှင်တို့ ထင်မြင်ယူဆပါသလဲ။

သောတရှင်တွေရဲ့ အမြင်အတွေးတွေကို လာမယ့် အောက်တိုဘာလ ၁၂ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကနေ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။