ဗုံးကွဲမှုတွေကြောင့် အပြောင်းအလဲတွေ ဘယ်လောက်ထိခိုက်မလဲ

  • 19 အောက်တိုဘာ 2013
ရန်ကုန်မြို့ဗုံးကွဲမှုအတွင်း လုံခြုံရေးစစ်ဆေးစဉ်
Image caption ရန်ကုန်မြို့ဗုံးကွဲမှုအတွင်း လုံခြုံရေးစစ်ဆေးစဉ်

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့ အပါအဝင် မြို့အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လို့ သေကြေ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ အခုလို တိုင်းပြည်မှာ အပြောင်းအလဲတွေ ဆောင်ရွက်နေချိန်မျိုးမှာ တည်ငြိမ်မှု ပျက်ပြားပြီး လူထုထိတ် လန့်အောင် ဘယ်သူတွေက ဘာကြောင့် လုပ်နေတယ်လို့ သောတရှင်တွေ ထင်မြင်ယူဆပါသလဲ။

ဒီဖေါက်ခွဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ။

လာမယ့် အောက်တိုဘာလ ၂၆ရက်စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်မှာ သောတရှင်တို့ရဲ့ အမြင်တွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးမယ်ဆိုရင် ဖုန်းနံပတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။