သန်းခေါင်စာရင်း ကောက်ယူရာမှာ ဘယ်လို ကန့်သတ်ချက်တွေ ကြုံနိုင်လဲ

  • 20 ဇန်နဝါရီ 2014
ဝန်ကြီးဦးခင်ရီ။
Image caption ဝန်ကြီးဦးခင်ရီ။

မြန်မာနိုင်ငံမှာ လာမယ့် မတ်လအတွင်း သန်းခေါင်စါရင်း ကောက်ယူ တော့မှာ ဖြစ်ပါတယ်။ ဒီလို ကောက်ခံတာဟာ နိုင်ငံဖွဲ့ဖြို့ရေးနဲ့ စီမံကိန်း ချရေး အတွက် လုပ်တာလို့ အစိုးရ ကပြောပါတယ်။

တဖက်မှာလည်းတိုင်းရင်းသား အမျိုးအမည် အရေအတွက်တို့ကို ပြင်ပေးရေးအတွက် တိုင်းရင်းသားတွေက တောင်းဆိုနေပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီကတော့ သန်းခေါင်းစာရင်းကောက်တာဟာ နိုင်ငံရေး လူမျိုးရေးကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ပြောပါတယ်။

ဒါပေမယ့် ကောက်ခံရရှိတဲ့အချက်တွေကို နိုင်ငံရေး လူမျိုးရေးမှာသုံးပြီး ကန့်သတ်မှုတွေ လုပ်လာမှာစိုးရိမ်တဲ့ အသံတွေကြားနေရပါတယ်။

ဒီလို ကန့်သတ်မှုတွေ မလုပ်နိုင်အောင် အာမခံဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆပါသလဲ။

သောတရှင်တို့ရဲ့အမြင်တွေကို လာမယ့် ဇန္နဝါရီလ ၂၅ရက်လွတ်လပ် အတွေးဆွေးနွေး ဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။