သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သန်းခေါင်စာရင်း ကောက်ယူရာမှာ တိုင်းရင်းသားတွေ တောင်းဆိုချက်

  • 25 ဇန်နဝါရီ 2014
Image caption သမ္မတနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များ ဆွေနွေးနေစဉ်

မြန်မာနိုင်ငံမှာ လာမယ့် မတ်လအတွင်း သန်းခေါင်စါရင်းကောက်ယူ တော့မှာဖြစ်ပါတယ်။ ဒီလို ကောက်ခံတာဟာ နိုင်ငံဖွဲ့ဖြို့ရေးနဲ့ စီမံကိန်းတွေ အတွက်လုပ်တာလို့ အစိုးရက ပြောပါတယ်။ တဖက်မှာလည်း တိုင်းရင်းသား အမျိုးအမည် အရေအတွက်တို့ကို ပြင်ပေးရေး အတွက် တိုင်းရင်းသားတွေက တောင်းဆိုနေကြပါတယ်။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကတော့ သန်းခေါင်းစာရင်း ကောက်တာဟာ နိုင်ငံရေး လူမျိုးရေး ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ပြောပါတယ်။

ဒါပေမယ့် ကောက်ခံရရှိတဲ့ အချက်တွေကို နိုင်ငံရေး လူမျိုးရေး မှာသုံးပြီး ကန့်သတ်မှုတွေ လုပ်လာမှာစိုးရိမ်တဲ့ အသံတွေကြားနေရပါတယ်။

ဒီလို ကန့်သတ်မှုတွေ မလုပ်နိုင်အောင် အာမခံဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆပါသလဲဆိုတာ သောတရှင်တွေနဲ့အတူ UNFPA ကုလသမဂ္ဂ လူဦးရေအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နေဝင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာတို့ ပါဝင်ဆွေနွေးထားပါတယ်။