တပ်ကသိမ်းတဲ့ မြေတွေကို ဘယ်လိုပြန်ရအောင် လုပ်နိုင်မလဲ

  • 27 ဇန်နဝါရီ 2014
မြန်မာ့လယ်ယာမြေ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ့လယ်ယာမြေ

အစိုးရသိမ်းလို့ အငြင်းပွားနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မှ မြေနေရာတွေကို တပ်ပိုင်မြေဖြစ်လို့ ပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

အသိမ်းခံရလို့ ဆန္ဒပြနေသူတွေကတော့ ပိုင်ဆိုင်မှု အထောက်အထားရှိလို့ မြေသိမ်းခံရမှု စုံစမ်းရေး ကော်မရှင်ကို ဆက်လက် တင်ပြထားပါတယ်။

ကုမ္ပဏီနဲ့ အစိုးရသိမ်းတဲ့ မြေတွေကို လွှတ်တော် ကော်မရှင်က စုံစမ်းဖေါ်ထုတ်ပြီး ဥပဒေနဲ့အညီဖြေရှင်းပေး နေချိန်မျိုးမှာ နိုင်ငံတဝှမ်း တပ်က အဓမ္မသိမ်းတဲ့ လယ်ယာအပါအဝင် အခြားမြေတွေကို ပြန်ရဖို့ နည်းလမ်းမရှိတော့ဘူးလား။

သောတရှင်တွေရဲ့သဘောထားအမြင်တွေကို လာမယ့် ဖေဖေါ်ဝါရီ ၁ရက်စနေနေ့ည လွတ်လပ်အဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။