သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စစ်တပ်သိမ်း မြေယာတွေ ဘယ်လိုပြန်ရနိုင်မလဲ။

  • 1 ဖေဖော်ဝါရီ 2014
Image caption မိကျောင်းကန် သပိတ်စခန်း

အစိုးရသိမ်းလို့ အငြင်းပွားနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မှ မြေနေရာတွေကို တပ်ပိုင် မြေဖြစ်လို့ ပြန်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။

အသိမ်းခံရလို့ ဆန္ဒပြနေသူတွေကတော့ ပိုင်ဆိုင်မှု အထောက်အထားရှိလို့ မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင်ကို ဆက်လက် တင်ပြထားပါတယ်။

ကုမ္ပဏီနဲ့ အစိုးရသိမ်းတဲ့ မြေတွေကို လွှတ်တော် ကော်မရှင်က စုံစမ်းဖေါ်ထုတ်ပြီး ဥပဒေနဲ့အညီဖြေရှင်းပေး နေချိန်မျိုးမှာ နိုင်ငံတဝှမ်း တပ်က အဓမ္မသိမ်းတဲ့ လယ်ယာအပါအဝင် အခြားမြေတွေကို ပြန်ရဖို့ နည်းလမ်း မရှိတော့ဘူးလား။

သောတရှင်တို့နဲ့အတူ မအူပင်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း လွှတ်တော်ရှေ့နေ ဦးမြင့်သွင်တို့က ပါဝင်ဆွေးနွေးထားပါတယ်။