မြန်မာ သတင်းထောက်တွေကို ဆက်လက်ခြိမ်းခြောက်နေဆဲလား

  • 2 ဖေဖော်ဝါရီ 2014
Unityဂျာနယ်မှ သတင်းကြောင့်အရေးယူခံရ
Image caption Unityဂျာနယ်မှ သတင်းကြောင့်အရေးယူခံရ

မကွေးတိုင်းပေါက်မြို့နယ်က စက်ရုံတရုံ အကြောင်း ရေးသားဖေါ်ပြမှုနဲ့ ယူနတီဂျာနယ်မှ နယ်သတင်းထောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။ ဂျာနယ်မှ သတင်းထောက်တွေကိုလည်းခေါ်ယူ စစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းကာလ သတင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ပေးနေချိန်မျိုးမှာ အာဏာပိုင်တွေဖက်က ယခင် စနစ်ဟောင်းအတိုင်း သတင်းထောက်တွေအပေါ် တားမြစ်ခြိမ်းခြောက်မှုတွေ ဆက်လုပ်နေတုန်းဘဲလား

တဖက်က သတင်းထောက်တွေ အနေနဲ့ရော သတင်းကျင့်ဝတ်လိုက်နာဖို့ ဘယ်လောက် အရေးကြီးပါသလဲ။

သောတရှင်တွေရဲ့ အမြင်အတွေးတွေကို လာမယ့် ဖေဖေါ်ဝါရီလ ၈ရက်စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။