သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူနတီ ဂျာနယ် သတင်းထောက်တွေကို ဖမ်းတာ သတင်း လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေလား

Image caption ယူနတီမှ ပေါက်မြို့နယ်စက်ရုံအကြောင်း ရေးသား

မကွေးတိုင်း ပေါက်မြို့နယ်က စက်ရုံတရုံကို လျှို့ဝှက်ဓါတု လက်နက် စက်ရုံလို့ ရေးသားဖေါ်ပြမှုနဲ့ ယူနတီဂျာနယ်မှ နယ်သတင်းထောက် အပါဝင် သတင်းသမား ၅ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းကာလ သတင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ပေးနေချိန်မျိုးမှာ အာဏာပိုင်တွေဖက်က ယခင် စနစ်ဟောင်းအတိုင်း သတင်းထောက်တွေအပေါ် တားမြစ် ခြိမ်းခြောက်မှုတွေ ဆက်လုပ် နေတုန်းဘဲလား။

တဖက်က သတင်းထောက်တွေအနေနဲ့ရော သတင်းကျင့်ဝတ် လိုက်နာဖို့ ဘယ်လောက် အရေးကြီးပါသလဲ။

သောတရှင်တွေနဲ့အတူ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေ၊ ရှေ့နေ ဦးဖိုးဖြူတို့ ပါဝင်ဆွေးနွေး ထားပါတယ်။