စစ်တပ်သြဇာကို ထိန်းချုပ်ရင် တပ်ဘက်က ဘယ်လို တုံ႔ပြန်နိုင်မလဲ

  • 24 ဖေဖော်ဝါရီ 2014
မြန်မာ့တပ်မတော်သားများ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ့တပ်မတော်သားများ

၁၉၆၂ ခု မတ်လ ၂ရက် နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ အခုအခါ ၅၂နှစ် ရှိပါပြီ။ အခုအချိန်အထိလည်း စစ်တပ်က နိုင်ငံရေးမှာ သြဇာ ကြီးမားနေဆဲ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ လက်ရှိ နိုင်ငံရေး အခန်းကဏ္ဍကို ဒီမိုကရေစီ ဘောင်အတွင်း ဘယ်လို သွတ်သွင်းသင့်တယ် ဆိုတာ လွှတ်တော်မှာ ဆွေးနွေးစရာ ဖြစ်လာနေပါပြီ။

တကယ်လို့ စစ်တပ်ရဲ့ အာဏာကို ကန့်သတ်ဖို့ ကြိုးစားရင် တပ်ဘက်က ဘယ်လို လက်တုန့် ပြန်လာနိုင်မယ်လို့ ထင်မြင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို လာမယ့် မတ်လ ၁ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။