ဒီပဲယင်း အရေးအခင်း ပြန်လည် စုံစမ်းဖို့လိုပြီလား

သံဃာ့လှုပ်ရှားမှုများ ဓာတ်ပုံ မူပိုင်
Image caption သံဃာ့လှုပ်ရှားမှုများ

မေလ၃၀ရက်နေ့ဟာ ဒီပဲယင်း လုပ်ကြံတိုက်ခိုက်မှု ၁၁နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီလုပ်ကြံ သတ်ဖြတ်မှုအပါအဝင် ၂၀၀၇သံဃာ့ လှုပ်ရှားမှုမှာ သေဆုံးမှုများစတဲ့ အရင်စစ်အစိုးရ လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်မှုတွေကို အရေးမယူ နိုင်ခဲ့ပါဘူး။ အခုလို တရားဥပဒေ စိုးမိုးရေး လုပ်နေတဲ့ ကာလမှာ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အဲဒီပစ်မှုတွေကို စုံစမ်းဖေါ်ထုတ်ဖို့ ဘယ်လောက် လိုအပ်နေပြီလဲ။

သောတရှင်တွေရဲ့ အမြင်အတွေး တွေကို လာမယ့် မေလ၃၁ရက်စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေး ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင် ဆွေးနွေး ချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။