ဆေးကုသစရိတ်ကို ဘယ်လိုဖြေရှင်းမလဲ

  • 29 ဇူလိုင် 2014
ဆေးရုံရောက်သားဖွားမိခင် ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးရုံရောက်သားဖွားမိခင်

မြန်မာ နိုင်ငံမှာ ဆေးကုသ စရိတ် အလွန် ကြီးမားတဲ့အတွက် ပြည်သူအများစုက ဆေးကုသဖို့ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

ပြည်သူတွေ ဆေးကုသဖို့ ဘယ်လောက်အထိ အခက်အခဲကြုံနေရပါသလဲ။

အစိုးရဘက်ကရော ဘာတွေလုပ်ပေးစေချင်ပါသလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမယ့် သြဂုတ်လ ၂ရက်စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကနေ ပါဝင်ဆွေးနွေးကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။