တိုက်တာ အဆောက်အဦတွေ အန္တရာယ်ကင်းရဲ့လား

  • 19 ဩဂုတ် 2014

မြန်မာနိုင်ငံက အထပ်မြင့် အဆောက်အအုံတွေ တိုက်ကြီးတွေ အမိုးပြိုကျတာတွေ ယိုင်သွားတာတွေ ငလျင်လှုပ်လို့ တိုက်အက်တဲ့ သတင်းတွေ အခုတလောကြားနေရပါတယ်။

ဒီလို တိုက်တာ အဆောက်အအုံတွေဟာ နေထိုင်ရသူတွေအတွက် ဘယ်လောက် စိတ်ချရပါသလဲ

ဒီအဆောက်အအုံတွေ ခိုင်ခံ့ အန္တရာယ်ကင်းအောင် ဘာတွေ လုပ်သင့်တယ်လို့ ယူဆပါသလဲ

သောတရှင်တို့ရဲ့ အတွေ့အကြုံနဲ့ အယူအဆတွေကို သြဂုတ်လ ၂၃ ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ဝဝ၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

BBC Burmese Facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တွေအနေနဲ့ message box မှာ မိမိနာမည်၊ ခေါ်ဆိုတဲ့ တိုင်းပြည် ၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ထားခဲ့ရင် ဘီဘီစီက ပြန်လည် ဆက်သွယ်ပါမယ်။