စစ်တပ်က ကျူးလွန်တဲ့အမှုမျိုး ဘယ်လိုကာကွယ်မလဲ

အလွတ်သတင်းထောက် ကိုပါကြီး ဓာတ်ပုံ မူပိုင် three colours
Image caption အလွတ်သတင်းထောက် ကိုပါကြီး

စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်ဆိုတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အမှုကို ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် တောင်းဆို ဆန္ဒပြမှုတွေဖြစ် နေပါတယ်။

အမှုတခု ဖြစ်ပွားရင် ဥပဒေအရ မစစ်ဆေးပဲ စစ်တပ်က လက်လွတ်စပယ် လုပ်တဲ့အတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေး ချိုးဖေါက်ခံရလို့ ဝေဖန်နေကြပါတယ်။

ဒီလို ဖြစ်ရပ်မျိုးထပ် မဖြစ်ပွားအောင် ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအတွက် ဘယ်လို ကာကွယ်သင့်ပါသလဲ။ လာမယ့် နိုဝင်ဘာလ ၁ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေရဲ့ အမြင်တွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။