germany
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မတူကွဲပြားပေမယ့် မခွဲခြားပဲ စည်းလုံးကြဖို့ ဂျာမနီ သမ္မတပြော

  • 14 ဇန်နဝါရီ 2015

ပြင်သစ်နိုင်ငံက ပါရီမြို့တော်မှာတော့ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရတဲ့ ရှာလီအက်ဘ်ဒို မဂ္ဂဇင်း ပြန်လည် ထုတ်ဝေတဲ့ စာစောင်ကို မနက်မှာ အစောကြီးထ တန်းစီပြီးတောင် စောင့်ဝယ်ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် စောင်ရေ ၆ သောင်း သာ ထုတ်ဝေပေမယ့် ဒီတခါတော့ မကြုံစဖူး စောင်ရေ ၃ သန်း အထိကို ထုတ်ဝေ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာလဲ တမန်တော် မိုဟာမက် ပုံအဖုံးနဲ့ ထုတ်ဝေခဲ့တာကြောင့် ခြိမ်းခြောက်မှုတွေထပ်လုပ်တာ ခံခဲ့ရသလို အစ္စလာမ်မစ် နိုင်ငံတွေဆီက ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

မနေ့ညကတော့ ဂျာမနီနိုင်ငံက ဘာလင် မြို့တော်မှာတော့ အဲဒီတိုက်ခိုက်မှု ကြောင့်သေဆုံး ခဲ့သူတွေအတွက် အောက်မေ့ဖွယ် ကျင်းပခဲ့ကြတဲ့သလို ဂျာမနီ ပြည်တွင်းနေ မွတ်စလင် ၄ သန်း ကိုလည်း မစိုးရိမ်ကြဖို့ သမ္မတက ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို မမေစန္ဒီက ပြောပြမှာပါ။