လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 14 ဇန်နဝါရီ 2015

ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုဟာ ရန်ကုန်မြို့နေလူထု နေ့စဉ်ရင်ဆိုင်နေရတဲ့ ပြသနာ ဖြစ်ပါတယ်။ ကုန်းကျော်တံတားတွေ ဆောက်ပေမယ့်လည်း ယာဉ်ပိတ်ဆို့မှုတွေက ရှိနေဆဲပါ။

ဒီလို ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဘယ်လို အကောင်းဆုံး ဖြေရှင်းနိုင်မလဲ။

သောတရှင်တို့ရဲ့ သဘောထားအမြင်တွေကို လာမယ့် ဇန်နဝါရီလ ၁၇ ရက် စနေနေ့ည လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့အနေနဲ့ ဘီဘီစီအီးမေးလ် burmese@bbc.co.uk ကို ဖြစ်စေ၊ bbcburmese@gmail.com ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိနာမည်၊ တယ်လီဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်၊ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပေးပို့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

ဘီဘီစီ ဘားမိစ် ဖေ့စ်ဘုတ်ရဲ့ Message Box မှာလည်း အဲဒီအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။