မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲ။
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစိုးရနဲ့ တိုင်းရင်းသားတွေကြား သဘော တူညီချက်ဟာ ငြိမ်းချမ်းရေး အတွက်ဘယ်လောက် သေချာလဲ။

  • 4 ဧပြီ 2015
ဓာတ်ပုံ မူပိုင် EPA
Image caption မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲ။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWCနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCTတို့ကြား မတ်လ၃၁ရက်နေ့က အတည်ပြု လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ဒီတော့ ခုသဘော တူညီချက်ကနေ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေး ပေါ်ထွက်ဖို့ ဘယ်လောက်နီး စပ်ပြီလို့ သောတရှင်တွေ ထင်မြင်ယူဆပါသလဲ။ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး အတွက်ဘာတွေ ဆက်လုပ်သင့်ပါသလဲ။

ဒီအကြောင်း သောတရှင်တွေနဲ့အတူ မြန်မာငြိမ်းချမ်းရေး စင်တာMPCမှ ဥပဒေ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းငုံကျုံးလျံ ယူကေ အခြေစိုက် ကချင် အမျိုးသား အစည်းအရုံး ကေအင်အိုမှ ဗဟိုကော်မီတီဝင် ဉီးခွန်ဆာတို့ ပင်တိုင် ဆွေးနွေးထားပါတယ်။